Monday, January 21, 2013

*** မင်းသိရင်... ***



ချစ်သူ...
မင်းကိုချစ်တဲ့
ကိုယ့်ရဲ့ချစ်ခြင်းတွေထဲမှာ
မင်းပိုင်ဆိုင်တဲ့
ငွေကြေးဥစ္စာတွေအပေါ်
မက်မောလိုခြင်း
အလျဉ်းမရှိခဲ့တာ
သတိထားမိရင်
မင်းသိမှာပါ...။

ချစ်သူ...
မင်းကိုချစ်တဲ့
ကိုယ့်ရဲ့ချစ်ခြင်းတွေထဲမှာ
မင်းရဲ့ လွတ်လပ်ပိုင်ခွင့်တွေကို
လွှမ်းမိုး ချုပ်ချယ်လိုခြင်း
အလျဉ်းမရှိခဲ့တာ
ပြန်စဉ်းစားမိရင်
မင်းသိမှာပါ...။

ချစ်သူ...
မင်းကိုချစ်တဲ့
ကိုယ့်ရဲ့ချစ်ခြင်းတွေထဲမှာ
မင်းရဲ့လိုအင်တွေနဲ့ သွေဖည်တဲ့
ကိုယ့်ရဲ့ဆန္ဒတွေ
မပါဝင်ခဲ့ဘူးဆိုတာ
ပြန်တွေးမိခဲ့ရင်
မင်းသိမှာပါ...။

ခုတော့လည်းလေ...
မင်းကိုချစ်ခဲ့မိတဲ့
ကိုယ့်ရဲ့လွမ်းရတဲ့ဝေဒနာကို
ခံစားဖူးမှ
မင်းသိမှာပါ...။


(မြဝတီဇော်)

3 comments:

  1. ချစ်ရသူအတွက်ကဗျာလေးခံစားဖတ်ရင်း
    ( ချစ်သူ...
    မင်းကိုချစ်တဲ့
    ကိုယ့်ရဲ့ချစ်ခြင်းတွေထဲမှာ
    မင်းရဲ့လိုအင်တွေနဲ့ သွေဖည်တဲ့
    ကိုယ့်ရဲ့ဆန္ဒတွေ
    မပါဝင်ခဲ့ဘူးဆိုတာ
    ပြန်တွေးမိခဲ့ရင်
    မင်းသိမှာပါ)

    ReplyDelete
  2. ခုတော့လည်းလေ...
    မင်းကိုချစ်ခဲ့မိတဲ့
    ကိုယ့်ရဲ့လွမ်းရတဲ့ဝေဒနာကို
    ခံစားဖူးမှ
    မင်းသိမှာပါ...။

    ဟုတ်တယ်မရေ...
    အချစ်ရှိရင် အလွမ်းရှိမယ်...
    လွမ်းရတဲ့ဝေဒနာကို
    ခံစားဖူးမှသိကြမှာပါ..
    အဲဒါမှ ကိုယ်ချင်းလဲစာတတ်မှာ..
    မရဲ့ ကဗျာလေးကို
    ညလေး ရင်ဘတ်ထဲကနေ မျှဝေ
    ခံစားခဲ့ပါတယ်နော်...:)
    ချစ်တဲ့.....မိုးနတ်

    ReplyDelete
  3. တနေ့နေ့တော့ သိလာမှာပါ။ တနေ့နေ့တော့ နားလည်လာမှာပါ။ ချစ်ဖူးတဲ့သူတိုင်း ခံစားနားလည်ပေးလို့ရပါတယ်။ကဗျာလေးကို အားပေးသွားပါတယ်။

    ReplyDelete