► ဂရုမစိုက်ခဲ့တာ မဟုတ်ပါဘူး
ဂရုစိုက်မှုတွေကို လျစ်လျူရှု ခံခဲ့ရတာပါ။
► မာန်တက်နေတာ မဟုတ်ပါဘူး
မာန်မာနတွေကို မင်းအတွက် ရိုက်ချိုးထားခဲ့တာပါ။
► အငြှိုးအတေးတွေ ကြီးနေတာ မဟုတ်ပါဘူး
မထွေးနိုင်၊ မအန်နိုင်တဲ့ ခံစားချက်တွေနဲ့
အသက်ဆက်နေရတာပါ။
► ခံစားချက်တွေ အေးစက်သွားတာ မဟုတ်ပါဘူး
ခံစားရတာတွေ ရင်နဲ့မဆံ့လွန်းလို့
နှုတ်ဆိတ်နေတတ်ခဲ့တာပါ။
► အပေးအယူဆန်တာ မဟုတ်ပါဘူး
တစ်ဖက်သတ် ပေးဆပ်ရတာ များလာတဲ့အခါ
အတုံ့အပြန်လေးတချို့ကို မျှော်လင့်မိရုံပါ။
► (ဒီလိုနဲ့ ....)
.................
.....................
................................
ဘယ်အချိန် ကိုယ့်အပေါ် နားလည်လာနိုင်မလဲဆိုတဲ့
မရေရာတဲ့ မျှော်လင့်ချက်လေးကို ကိုင်ဆုပ်လို့
(ခုချိန်ထိ)
မင်းရဲ့ဘေးက ခေါင်းငုံ့လျှောက်နေဆဲပါ.... ။
♥ မြဝတီဇော် ♥
(23/9/2015)