Monday, March 11, 2013

ကြိုတင် အသိပေး တောင်းပန်ခြင်း



စာဖတ်သူများအားလုံး မင်္ဂလာပါရှင့်။ ကျွန်မရဲ့ ဘလော့လေးမှာ ပို့စ်အသစ်တွေ မတွေ့လို့ စာဖတ်သူများ စိတ်ပျက်နေကြပြီလားရှင်။ တကယ်တော့ ကျွန်မမှာ ကွန်ပျူတာနဲ့ပတ်သက်တဲ့ စာမေးပွဲတစ်ခု ဖြေဖို့ နီးကပ်နေတာကြောင့် ကျွန်မရဲ့ဘလော့လေးကို လှည့်မကြည့်နိုင် ဖြစ်နေရတာပါ။ အဲဒီအတွက် စာဖတ် သူများကို အနူးအညွတ် တောင်းပန်ပါတယ်နော်။ နောက်ပြီး ကျွန်မက ကိုယ်တိုင်လည်း စာရေးဖို့ အချိန် မပေးနိုင်သလို ဘလော့ဂါမောင်နှမ၊ ညီအစ်မများရဲ့ စာတွေကိုလည်း ဝင်ဖတ်ဖို့အတွက် အချိန် မပေးနိုင်သေးဘူး ဖြစ်နေပါတယ်။ အလုပ်တစ်ဖက်၊ ကျောင်းစာတစ်ဖက်နဲ့မို့ အလုပ်အတွက်လည်း မလစ် ဟင်းစေရအောင် ကြိုးစားရသလို ကျောင်းစာကိုလည်း မပေါ့ဆရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစာမေး ပွဲသာ အောင်မြင်သွားရင် တစ်နှစ်တာလုံး ပင်ပန်းခဲ့သမျှတွေအတွက် အရာထင်စေမယ့် နောက်ထပ် ဘွဲ့တစ်ခုကို လက်ဝယ်ပိုင်ပိုင် ရရှိမှာ သေချာနေလို့ပါပဲ။ ဒါကြောင့် အောင်မြင်မှုနဲ့ လက်တစ်ကမ်း မှာ ရောက်နေတဲ့ အခုလို အခိုက်အတန့်လေးမှာတော့ ကျွန်မ အစွမ်းကုန် ကြိုးစားလိုက်ပါဦးမယ်။ ဒါကြောင့် ဒီနေ့စပြီး နောက်တစ်လနီးပါး ကျွန်မရဲ့ ဘလော့လေးမှာ စာအသစ်တွေ မတင်နိုင်သေးပါဘူး ဆိုတဲ့ အကြောင်း စာဖတ်သူများကို လေးစားစွာနဲ့ ကြိုတင် အသိပေးလိုပါတယ်ရှင်။ အားလုံးပဲ နေ့ရက်တိုင်း ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်