Tuesday, December 10, 2013





"ဖြေသိမ့်ရာ ... "


အခုအချိန်မှာ
တစ်စုံတစ်ယောက်ကို လွမ်းနေရတယ်ဆိုတာ
ကံကောင်းခြင်းတစ်မျိုးလို့ တင်စားချင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ...
လွမ်းတယ်ဆိုတာ
ကိုယ့်ဘ၀မှာ အရေးပါတဲ့သူတစ်ယောက်ကို
ပိုင်ဆိုင်ထားခွင့် ရနေလို့သာ
လွမ်းဆွတ်ခြင်းကို ခံစားရတာပါ။

ဒါကြောင့် ...
တစ်စုံတစ်ယောက်ကို
အတိုင်းအဆမဲ့
လွမ်းဆွတ်တဲ့အခါ
ကိုယ့်ကိုယ်ကိုယ် ဒီလို ပြန်အားပေးလိုက်ပါ။

ကိုယ်တိုင်ကသာ
ကိုယ့်ချစ်သူကို
နှလုံးသားထဲမှာ
နေရာအပြည့်အ၀ ပေးမထားနိုင်ခဲ့ဘူးဆိုရင်
လွမ်းဆွတ်ခြင်းကို
ဒီလောက် ခံစားနေရမှာ မဟုတ်ဘူးလေ။

ချစ်သူကို လွမ်းဆွတ်နေရတယ်ဆိုတာ
တကယ်တော့ ...
ကိုယ့်နှလုံးသားထဲမှာ
သူ့ကို နေရာအပြည့်အ၀ ပေးထားခဲ့လို့ပါပဲ ... ။
...................
......................
..........................
ဒီလို တွေးမိရုံလေးနဲ့တင်
သူ့ကို လွမ်းနေရတာ ထိုက်တန်ပါတယ်လေ...
ကိုယ်က ပိုချစ်ခဲ့ရတာကို ... ။



(မြ၀တီဇော်)
9/12/2013 (4 : 44) PM

No comments:

Post a Comment