Tuesday, October 21, 2014

လူတချို့အကြောင်း



လူတချို့ ရှိတယ် ...
ကိုယ်တိုင်က မပြည့်စုံပေမယ့်
သူတစ်ပါးရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို
စောင့်ကြည့် ဝေဖန်ဖို့ အသင့်ရှိကြတယ်။

လူတချို့ ရှိတယ် ...
ကိုယ်နဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင်
သူတစ်ပါးရဲ့ အရေးအရာ ကိစ္စတွေမှာ
တတ်ယောင်ကားလုပ်ပြီး
အပြစ်ဆိုတတ်ကြတယ်။

လူတချို့ ရှိတယ် ...
ကိုယ့်ရဲ့ လိုအင်တွေအတွက်
သူတစ်ပါးရဲ့ ဘ၀တွေကို
ခပ်လွယ်လွယ် နင်းချေပစ်တတ်ကြတယ်။

အဲဒီလိုပဲ ...

လူတချို့ ရှိတယ် ...
ကိုယ့်လောက် မပြည့်စုံသူနဲ့ ကြုံတွေ့ရပေမယ့်
ကိုယ်နဲ့ တန်းတူထားပြီး
အခင်မပျက် ဆက်ဆံတတ်တယ်။

လူတချို့ ရှိတယ် ...
ကိုယ်နဲ့ မဆိုင်တဲ့
သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ
ဝေဖန်ပြောဆိုဖို့
ရှောင်ရှားတတ်ကြတယ်။

လူတချို့ ရှိတယ် ...
ကိုယ့်ရဲ့ လိုအင်အတွက်နဲ့
သူတစ်ပါးကို မကောင်းဆိုဖို့
နှုတ်က မထွက်ရဲတဲ့သူတွေ ရှိတယ်။

တကယ်တော့ လူတချို့က သင်ထင်သလောက် မတုံးအကြပါဘူး။ သူတို့ သင့်ကို မတုံ့ပြန်တာက သင့်ကို ကြောက်လို့၊ သတ္တိမရှိလို့ မဟုတ်ပါဘူး။ တစ်နေ့ သင့်ကို သင်ပြုတဲ့ မကောင်းမှုတွေက ဒဏ်ပြန်ခတ်မှာကို သိနေလို့ပါ။

(မြ၀တီဇော်)
21/10/2014

2 comments:

  1. လူတချို့ ရှိတယ် ...
    ကိုယ်တိုင်က မပြည့်စုံပေမယ့်
    သူတစ်ပါးရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို
    စောင့်ကြည့် ဝေဖန်ဖို့ အသင့်ရှိကြတယ်။------------------------အများကြီးတွေ့နေရပါတယ်ဇော်ရေ
    လင့်တွေပျက်ကုန်လို့ ခုမှတွေ့ပြီးလာဖတ်ရတာ လင့်လဲပြန်ချိပ်ထားပါပြီနော် ကိုယ်လဲ လင့်အသစ်ပြောင်းလို့ အရင်ကအဟောင်းတွေပျက်ကုန်တာ

    ReplyDelete
    Replies
    1. ကျေးဇူးအများကြီး တင်ပါတယ် မမစံပယ်ရေ ... တကယ်တော့ ညီမကိုယ်တိုင်လည်း မိသားစု တာဝန်တွေနဲ့ ရှုပ်ထွေးနေလို့ ဘလော့လေးကို ပစ်ထားမိတာ ကြာပါပြီ။ ညီမကို မေ့မသွားဘဲ သတိတရနဲ့ အားပေး ဝေဖန်ပေးလို့ အရမ်းကြည်နူးမိပါတယ်... မမစံပယ်ကိုလည်း ညီမ အမြဲ ချစ်ခင်လျက်ပါနော် <3

      Delete