Wednesday, July 15, 2015

နားလည်မှု



"နားလည်မှု" တဲ့
စကားလေးကတော့
သုံးလုံးတည်းပါ ... ။

ဒီနားလည်မှုကို
တည်ဆောက်နိုင်ဖို့
အရင်ဆုံး ...
ကိုယ့်"မာန"ကို
စတေးရတယ် ... ။


"ယုံကြည်မှု"တွေ
ခိုင်မြဲအောင်
ကြိုးစားရတယ် ... ။

"မျှော်လင့်ချက်"တွေ
တရားလွန် မဖြစ်အောင်
ထိန်းသိမ်းရတယ် ... ။

အဓိက,ကတော့
နှစ်ဦးနှစ်ဖက်ရဲ့
အပြန်အလှန်
"လေးစားမှု"၊ "ဦးစားပေးမှု"
"သိတတ်မှု"၊
"ကိုယ်ချင်းစာတတ်မှု"တွေ ရှိမှသာ
"နားလည်မှု"ဆိုတဲ့အရာကို
တည်ဆောက်နိုင်တာပါ ... ။


မြဝတီဇော်
(6/7/2015)

No comments:

Post a Comment