Wednesday, July 15, 2015

မျက်ဖြေ




မမျှော်လင့်ချင်တော့ပါဘူး
အိပ်မက်တွေရဲ့နောက်
တကောက်ကောက်လိုက်ရင်း
လမ်းပျောက်နေခဲ့သူမို့။

အသက်ရှင်နေရတဲ့ နေ့ရက်တိုင်းကို
ကံကောင်းခြင်းတွေနဲ့ ရှေ့ဆက်နိုင်ဖို့
ရင်ထဲက အတ္တတွေလည်း
နည်းနိုင်သမျှ နည်းအောင်
ကြိုးစားနေမိတယ်။

ရောင့်ရဲခြင်းဆိုတာ
အတိုင်းအတာထက် မကျော်ရင်တော့
ဘ၀အတွက် ဆေးတစ်ခွက်ပေါ့။

နောင်တစ်ချိန် ...
ကိုယ့်ရင်ထဲကိုယ် ပြန်ကြည့်မိတိုင်း
နောင်တမဲ့တဲ့ ပျော်ရွှင်ခြင်းတွေ
ပြည့်နှက်နေဖို့
ဒီတစ်ခါပဲ ...
ခံစားချက်တွေ စတေးလိုက်မယ်။


မြ၀တီဇော်
(21/1/2015)

No comments:

Post a Comment