Monday, July 2, 2012

အချစ်ဆိုတာ...


အချစ်ဆိုတာ ...
လှပတဲ့ သံစဉ်တစ်ခု မဟုတ်ပေမယ့်

တစ်ခါတစ်ရံ ...
မရည်ရွယ်ဘဲ အလျင်စလို ပြောထွက်မိစေတယ်။

တစ်ခါတစ်ရံ ...
ချစ်တဲ့သူကို ထာဝရ မစောင့်ရှောက်နိုင်ဘဲ
ကတိတွေ ကြိုတင်ပေးမိစေတယ်။

တစ်ခါတစ်လေလည်း ....
ပြန်မလှည့်နိုင်တော့မယ့် ဘဝလမ်းကို
လျှောက်လှမ်းမိစေတယ်။

အချစ်ကို ... တစ်ခါမျှော်လင့်မိတိုင်း
အချစ်က
ကိုယ့်ကို တစ်ခါ မညှာမတာ နှိပ်စက်တယ်။

အချစ်ကို ...
ရှာဖွေတွေ့ရှိခဲ့ပြီ ဆိုတော့လည်း
တစ်ခဏလေးအတွင်းမှာပဲ
ကိုယ့်ဘဝကို
ကြည်နူးပျော်ရွှင်မှုတွေနဲ့ လင်းလက်စေပြန်တယ်။

ပဋိပက္ခဖြစ်တဲ့ အခါမျိုးမှာ
အချစ်က ...
စိတ်မချမ်းမြေ့မှုတွေကို
ကွယ်ပျောက်စေတယ်။

အချစ်နဲ့ ဆုံဆည်းခွင့် ရသူတိုင်းကို
မေးကြည့်လိုက်ပါ။

အချစ်ဟာ ပြီးပြည့်စုံတဲ့ တေးသွားတစ်ခု မဟုတ်ပေမယ့်
ကိုယ်တို့နှစ်ယောက်ကို
ဝေးကွာမသွားရအောင်
နက်နက်ရှိုင်းရှိုင်း
ချည်နှောင်မိစေတယ် ... ။


မြဝတီဇော်

3 comments:

  1. အချစ်ဟာ ပြီးပြည့်စုံတဲ့ တေးသွားတစ်ခု မဟုတ်ပေမယ့်
    ကိုယ်တို့နှစ်ယောက်ကို
    ဝေးကွာမသွားရအောင်
    နက်နက်ရှိုင်းရှိုင်း
    ချည်နှောင်မိစေတယ်-----ဟုတ်ပါ့ရှင်

    ReplyDelete
  2. “တစ်ခါတစ်လေလည်း ....
    ပြန်မလှည့်နိုင်တော့မယ့် ဘဝလမ်းကို
    လျှောက်လှမ်းမိစေတယ်။” ... ကဗျာလေးကို အရမ်းကြိုက်တယ် မမ ... :)

    ReplyDelete
  3. ဆောရီးပါ မိုးညလေး... Blog ကို သိပ်မကျွမ်းကျင်သေးတော့ ညလေးပေးထားတဲ့ comment တွေကို ခုမှတွေ့မိတယ်။ စိတ်မရှိပါနဲ့နော်။ အားပေးတဲ့အတွက် ကျေးဇူး... :)

    ReplyDelete