ဘယ်တော့မှ ဝမ်းနည်း နောင်တမရနဲ့။
ပြဿဒါးရက်တွေကို ဖြတ်ကျော်လာခဲ့ပြီပဲ။
ပေးခဲ့ဖူးတဲ့ကတိတွေတိုင်းကို ဆုပ်ကိုင် စောင့်ထိန်းနေရင်
အောင်မြင်မှုက မင်းနဲ့ ဝေးနေဦးမှာပဲ။
ဘ၀ဆိုတာ ပြီးပြည့်စုံမှုတွေနဲ့ ပြည့်နှက်နေတာ မဟုတ်ဘူးလေ။
ဘ၀ဆိုတာ ပြီးပြည့်စုံမှုတွေနဲ့ ပြည့်နှက်နေတာ မဟုတ်ဘူးလေ။
ဘဝရဲ့လမ်းတွေက အမြဲ နေရောင်ခြည်နဲ့ မဆုံနိုင်ဘူး။
ထားခဲ့ဖူးတဲ့ ကတိတွေလည်း တစ်ခါတစ်ရံ ချိုးဖျက်ရတတ်တယ်။
ကိုယ့်ရဲ့အိပ်မက်တွေလည်း လမ်းကြောင်းမှန်ကနေ တိမ်းစောင်းသွားရတတ်တယ်။
လွဲချော်မှုတွေကြုံရတိုင်း မျက်ရည်ကျရင်း အချိန်မကုန်စေနဲ့။
အရာအားလုံးဟာ ရာသီစက်ဝန်းလိုပဲ။
ပျော်ရွှင်ရယ်မောချိန်ရှိသလို ဝမ်းနည်းငိုကြွေးချိန်လည်း ရှိမှာပဲ။
အတိတ်က အရိပ်ဆိုးတွေ ချန်ခဲ့လိုက်တော့။
ဘာမဟုတ်တဲ့ ချွတ်ချော်မှုလေးက အချိန်တန်ရင် မှေးမှိန်သွားလိမ့်မယ်။
တောက်ပတဲ့ အနာဂတ်ကို ဖမ်းဆုပ်ဖို့ အားဖြည့်ထားလိုက်။
နောက်တစ်နေ့ နံနက်ခင်းကို စတင်ဖို့လေ ...။
မြဝတီဇော်
မှတ်သားဆို့ကောင်းတဲ့ စာသားလေးတွေကျေးဇူးပါဇော်ရေ
ReplyDeleteဇော်ရေ..ဒါကဗျာလေးလို့ ဇော်က လေဘယ်တပ်ထားတယ်နော်....
ReplyDeleteမိုးနတ်ဖြင့်ဖတ်ရတာ..ကဗျာလေးလား?..အက်ဆေးလေးလား...?
ခံစားချက်လေးလား ?..ဝေခွဲလို့ မရနိုင်ခဲ့ဘူးကွယ်..ကောင်းတယ်နော်..
ဖတ်ရတာလေးကလေ..၊..ဇော်နဲ့အတူ..နောက်တနေ့ နံနက်ခင်းကို စတင်မဲ့သူကဘယ်သူလဲဟင်.....:P
အားပေးလျက်ပါ...
ခင်မင်နေတဲ့..မိုးနတ်
အတိတ်ကအရိပ်ဆိုးဆိုတာ ချန်ခဲ့တာအကောင်းဆုံးပါပဲ
ReplyDelete